ချောင်းဦး ၂၃ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ စာသုံးသူရေးရာဦးစီးဌာနမှ မြို့မစည်ပင်သာယာဈေး အတွင်းရှိ အသားငါးရောင်းဝယ်ရေးဆိုင်များအား ဇွန် ၂၃ ရက်၊ နံနက် (၈)နာရီက စားသုံးသူရေးရာ ဦးစီးဌာမှ ဦးဆောင်၍ စစ်ဆေးပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ပြည်သူများ၏ ကျန်းမာရေးအတွက် ဈေးအတွင်းရှိ အသားငါးဆိုင်များ ရောင်းချမှုများတွင် သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ စစ်ဆေးကာ အသိပညာပေးစာစောင်များ ဖြန့်ဝေပေး၍ ပညာပေးလုပ်ငန်းများ ကိုဆောင်ရွက်ခဲ့သည်။
အဆိုပါအဖွဲ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်တင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနမှ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းဌေး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အိအိအောင် (ချောင်းဦး)