မိုးမိတ် ၃ နိုဝင်ဘာ
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများအလိုက် တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများအား ဖြန့်ဝေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို နိုဝင်လာ ၃ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် KN-95 Mask များကို မဲဆန္ဒရှင်များ၏(၈၀%)ကိုလွှမ်းခြုံ၍ တစ်ဦးလျှင် (၁)ခုနှုန်း၊ Volunteer များအတွက် တစ်ဦးလျှင် Face Shield (၁)ခုနှုန်း၊ Surgical Glove (၂)စုံနှုန်း၊ Exam Glovesများကို မဲရုံအဖွဲ့ဝင်များအတွက် တစ်ဦးလျှင် (၂)ခုနှုန်း ၊ Volunteer များအတွက် တစ်ဦးလျှင်(၄)ခုနှုန်း၊ မဲရုံတစ်ရုံစီအတွက် Level 2 PPE (၅)စုံစီ ၊ Level 3 PPE (full set) (၅) စုံနှုန်း ဖြင့် မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများအလိုက် ထုတ်ပေးခြင်းဖြစ်ပြီး မိုးမိတ်မြို့နယ်တွင် မဲရုံပေါင်း (၆၈) ရုံအတွက် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)