မိုးမိတ် ဧပြီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ဧပြီ ၅ ရက် နံနက်ပိုင်းက အေးချမ်းစွာဖြေဆိုခဲ့ကြသည်။
မိုးမိတ်မြို့နယ်တွင် စာစစ်ဌာနနှစ်ခုရှိပြီး အထက(၁) စာစစ်ဌာနတွင် ကျောင်းသား ၄၆ ဦး၊ ကျောင်းသူ ၉၀၊ အထကမန်ကျည်းပင် စာစစ်ဌာနတွင် ကျောင်းသား ၁၂ ဦး၊ ကျောင်းသူ ၂၉ ဦး ဝင်ရောက်ဖြေဆို ခဲ့ကြောင်း သိရသည်။
စည်သူဌေး(ပြန်/ဆက်)