မိုးမိတ်  ဧပြီ  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ဧပြီ ၅ ရက် နံနက်ပိုင်းက အေးချမ်းစွာဖြေဆိုခဲ့ကြသည်။

မိုးမိတ်မြို့နယ်တွင် စာစစ်ဌာနနှစ်ခုရှိပြီး  အထက(၁) စာစစ်ဌာနတွင် ကျောင်းသား ၄၆ ဦး၊ ကျောင်းသူ ၉၀၊ အထကမန်ကျည်းပင် စာစစ်ဌာနတွင် ကျောင်းသား ၁၂ ဦး၊ ကျောင်းသူ ၂၉ ဦး  ဝင်ရောက်ဖြေဆို ခဲ့ကြောင်း သိရသည်။

စည်သူဌေး(ပြန်/ဆက်)