မိုးနဲ  ၇  ဇူလိုင် 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိ ပထမပြန် စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

   

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က ပါဠိပထမပြန် စာမေးပွဲ ကျင့်ပမည့် နေရာအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရေး၊ ပိုးသတ်ဆေးဖျန်းခြင်း၊ လက်ဆေးဘေစင်များ ထားရှိ ဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ နည်းလမ်းများနှင့်အညီ ဆောင်ရွက်ထားရှိရေးကို မှာကြားခဲ့ပြီး မြို့နယ်သာသနာရေး ဦးစီးဌာနမှူး ဦးပြည့်ဖြိုးကျော်က အစိုးရပါဠိ ပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် စီမံထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

   

 

အဆိုပါ အစိုးရပါဠိ ပထမပြန် စာမေးပွဲကို မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဇူလိုင် ၁၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအချိန်ထိ အခြေပြု မူလတန်း၊ ပထမငယ်တန်း ၊ပထမလတ်တန်း နှင့် ပထမကြီးတန်းများကို သံဃာတော် ၅၆ ပါး ဝင်ရောက် ဖြေဆိုမည်ဖြစ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

မျိုးညွန့်ရွှေ (ပြန်/ဆက်)