မိုးနဲ ၂၇ ဇွန်
အရည်အသွေးအဆင့်မီသော မျိုဆက်ပွားဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများအား လူနာများထံသို့ အဆက်မပြတ် ထောက်ပံ့မှုပေးနိုင်ရန်အတွက် ပြည်နယ်၊ တိုင်းဒေသကြီးနှင့် မြို့နယ်များမှတစ်ဆင့် ကျေးလက်ကျန်းမာရေးဌာန အသီးသီးရှိ ဝန်ထမ်းများ၏ စွမ်းရည်ကို မြှင့်တင်ပေးရန် ရည်ရွယ်၍ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ဖြန့်ဖြူးရေး သတင်းစနစ် သင်တန်းကို ဇွန် ၂၆ ရက်မှ ၂၇ ရက်ထိ မိုးနဲမြို့ ပြည်သူ့ဆေးရုံ အစည်းဝေးခန်းမ၌ ပို့ချပေးလျက်ရှိသည်။
သင်တန်းသို့ လင်းခေးမြို့နှင့် မိုးနဲမြို့ပြည်သူ့ဆေးရုံများမှ ဆရာမများ၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမများနှင့် တာဝန်ရှိသူများ စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် မိုးနဲမြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ဖြန့်ဖြူးရေး သတင်းစနစ်ဆိုင်ရာ သင်ခန်းစာများအား ပြည်နယ်ကျန်းမာရေးဦးစီးဌာန တောင်ကြီးမြို့မှ ဒေါက်တာသက်သက်ဝင်း နှင့် ဒေါက်တာခွန်သန်းရွှေ(JSI) တို့က ပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


