မိုးနဲ ၁၂ ဇူလိုင်      

 
"ဖော"ငမြှောင်တောင်ဖျက်ပိုး နှိမ်နင်းရေး တောင်သူပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ အချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နောင်လိုင်ကျေးရွာ အုပ်စု၊ လွိုင်အိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ စုစုပေါင်း ၁၀ဝခန့် တက်ရောက်ခဲ့ကြ သည်။


ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးငိုပွယ်က "ဖော"ငမြှောင်တောင်ဖျက်ပိုး ကာကွယ်နှိမ်နင်းရေး ဆောင်ရွက်နေမှု အခြေအနေ၊ တောင်သူများ ပိုးသတ်ဆေး ပက်ဖျန်းရာတွင် ထိရောက်မှုရှိစေရေးအတွက် နည်းစနစ်များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူများ သိရှိလိုသော မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းခဲ့ပေးကာ တောင်သူပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မျိုးညွန့်ရွှေ (မိုးနဲ)