မိုးနဲ ဇွန် ၁၄

 

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ် နမ့်မော်ဆွမ့် အခြေခံပညာ အလယ်တန်းကျောင်း၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေး ကတ်နှင့် UID ကတ်များ ပေးအပ်ခြင်းကို  ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း ဧရာဆောင် ခန်းမ၌ ဆောင်ရွက်သည်။

 

ပေးအပ်

 

ဦးစွာ နမ့်စန်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က အမှာစကား ပြောကြားပြီး အသက် ၁၀ နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိ သေးသော ကျောင်းသား ၃၇ ဦး၊ ကျောင်းသူ ၄၈ ဦး စုစုပေါင်း ၈၅ ဦး တို့၏ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်း၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူး ရဲမှူးသန်းစိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်နီလာနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

မျိုးညွန့်ရွှေ(မိုးနဲ)