မိုးနဲ ဇူလိုင် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် DU-12 မိုးစပါးကို တိုက်ရိုက်အစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကို နမ့်မော်ဆွမ့် ကျေးရွာအုပ်စု၊ ဆီဆုံကျေးရွာ တောင်သူ ဦးသန်းထွန်း၏ လယ်မြေနေရာ၌ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုးနဲမြို့နယ်တွင် မိုးစပါး(လယ်)ကို ၉၅၉၅ ဧက စိုက်ပျိုးရန် လျာထားပြီး ယနေ့အထိ ၅၀၄၆ ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ရာ DU-12 မျိုးစပါး တိုက်ရိုက်အစေ့ချကိရိယာဖြင့် ဧက ၂၀ စိုက်ပျိုးခြင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဇော်မော်ဦး၏ ပြောပြချက်အရ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)