မိုးနဲ ၁၉ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းမှာ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကို လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၂၅ သိန်းနှင့် လမ်းအရှည် ပေ ၃၀ဝ ကို ကျောက်ချောလမ်း ခင်းရန်ဖြစ်သော်လည်း ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မီ၏ ကတ္တရာထောက်ပံ့မှုဖြင့် လမ်းအရှည် ပေ ၃၄၅ ကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ အဆင်ပြေစွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
