မိုးနဲ ၂၉ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့ လွိုင်မြေရပ်ကွက်ရှိ မြို့လယ်ရေကန်အား ရေအရေးပေါ်လိုအပ်ချိန်၊ မီးဘေးအန္တရာယ်နှင့် ရေများဖြန့်ဝေ ပေးနိုင်ရန်အတွက် ပြန်လည်ပြုပြင် တူးဖော်လျက်ရှိကြောင်း သိရသည်။
ထို့သို့ လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ နံနက် ၉ နာရီက ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးစိုင်းမွန်းလိန်နှင့် တာဝန်ရှိသူများက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အဆိုပါ ရေကန် ပြန်လည်တူးဖော်ခြင်းကို လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ငါးသန်း၊ ဒေသခံပြည်သူများ၏ ပါဝင်လှူဒါန်းမှုဖြင့် အလျား ၈၂ ပေ၊ အနံ ၃၆ ပေ နှင့် အနက် ၁၀ ပေရှိ ရေကန်အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


