မိုးနဲ ၁၃ ဇူလိုင်      

   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးမျိုးညွန့်ရွှေက ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ 

 

အဆိုပါ ဆွေးနွေးပွဲသို့ မိုးနဲမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်၊ ကျောင်းစာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက်တို့မှ တာဝန်ခံ ၃၀ ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်တွင် နှစ်ရက်တာဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ဆွေးနွေးပွဲ ပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ “ကျေးလက်နေပြည်သူတွေ စာအုပ်စာပေကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်ကြရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာများ တိုးပွားလာစေရန်၊ စာပေမှ ရရှိသည့် အသိတရားဖြင့် ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရား ကောင်းမွန်လာစေရန်၊ စာကြည့်တိုက်များ ရှင်သန်ရေး၊ စာအုပ်များရရှိရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးစသော ဦးတည်ချက်များနဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက်တာဝန်ခံ ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းမွန်းဆိုင် က ပြောခဲ့သည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)