မိုင်းဆတ် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ရေကြီးရေနစ်မြုပ်မှုကာကွယ်ရေးအတွက် မယ်ဆတ်ချောင်းသဲနုန်း တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂(Mini)ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၄၀ ဖြင့် အရှည်ပေ ၁၃၀၀၀ မယ်ဆတ်ချောင်း သဲနုန်း တူးဖော်ခြင်းလုပ်ငန်းအား ရွှေပြည့်လျှံကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မယ်ဆတ်ချောင်းသည် မိုးရာသီကာလတွင် မိုးစပါးစိုက် လယ်မြေအများအပြား ရေနစ်မြုပ်မှု ကြုံတွေ့ရလေ့ရှိပြီး စပါးရိတ်သိမ်းချိန် မိုးမကုန်မီအချိန်ထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိကာ မိုးစပါးစိုက် လယ်သမားများ နစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရန် သဲနုန်းတူးဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)