မိုင်းခတ်   ၁၂    ဩဂုတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုဌာနမှ ရပ်ကွက်၊ ကျေးရွာ/ အုပ်စုများရှိ ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရက်ကွက်(၁) အတွင်းမှ အသက်၆လမှ ၅နှစ်အထိ ကလေးများအား ဗီတာမင်(A)ကိုလည်း ကောင်း၊အသက်၂နှစ်မှ၉နှစ်အထိ ကလေးများအား သန်ချဆေးကို လည်းကောင်း တိုက်ကျွေးခဲ့ကြောင်း သိရသည်။

 

ထိုသို့လုပ်ဆောင်ရာတွင်  သားဖွားဆရာမ ဒေါ်ပျဲန်းမုန့်နှင့် ဒေါ်နန်းဝေဇင်ဦးတို့က ကလေးကြီးထွား ဖွံ့ဖြိုးမှုအတွက် မိမိတို့၏ ကလေးငယ်များအား အစာအဟာရ ပြည့်ဝစွာ ကျွေးမွေးရန် ပညာပေး ဆွေးနွေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကလေးကိုယ် အလေးချိန် တိုင်းတာပေးပြီး ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေးများ တိုက်ကျွေး ပေးခဲ့သည်။

 

မိုင်းခတ်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ/အုပ်စုများမှ ကျန်ရှိနေသည့် ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေးများ တိုက်ကျွေးနိုင်ရန်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ဌာနမှ သိရသည်။

 

မိုးဒေ (ပြန်/ဆက်)