မိုင်းခတ်   ၂၂  မေ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း( ပထမနှစ်စက်ဝန်း) မှ စည်းရုံးရေးမှူးများ သင်တန်း အမှတ်စဉ်(၃)ကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ 


သင်တန်းရည်ရွယ်ချက်မှာ စီမံကိန်းမှ အကောင်အထည်ဖော်နေသည့် ကျေးရွာလုပ်ငန်းများအပေါ် ကျေးရွာလူထုကိုယ်တိုင် တာဝန်ယူမှုတာဝန်ခံမှ လေ့လာသင်ယူမှု မြင့်မားလာစေရန်၊ အားနည်းချက်၊ အားသာချက်များအပေါ် အကြံဉာဏ်ပေးနိုင်စေရန်နှင့် အောင်မြင်မှုရလဒ်အပေါ် အောင်ပွဲခံနိုင်ရန်အတွက် ပံ့ပိုးကူညီပေးနိုင်ရန်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းကို လူထုဗဟိုပြုစီမံကိန်း နေပြည်တော် (Training Team) မှ ဆရာမ (၂) ဦးက သင်တန်းပို့ချခဲ့ပြီး မိုင်းခတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ဝန်ထမ်း (၃၅) ဦး တက်ရောက်သင်ကြားနေပြီး သင်တန်းကာလမှာ (၄) ရက်ကြာမြင့်မည်ဖြစ်ကြောင်း မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN