မိုင်းခတ် ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မိုင်းဟန်အုပ်စု၊ ဝမ်ကောင်းကျေးရွာအနီးရှိ သီးပွင့်ဆဲ ဘိန်းခင်း(၄)ဧကအား ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မိုင်းခတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတပ်ဖွဲ့ဝင်များ၊ မူးယစ်လှုပ်ရှားတပ်ဖွဲ့၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဟန်အုပ်စု၊ ဝမ်ကောင်းရွာအနီးရှိ အမြင့် ၃ ပေခန့်နှင့် ၃ ပေခွဲရှိ သီးပွင့်ဆဲ ဘိန်းခင်း (၄)ဧကတို့ကို ဖျက်ဆီးခဲ့သည်။

ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရန် စီမံချက်များရေးဆွဲ၍ ဘိန်းစိုက်ပျိုးခြင်းရပ်တန့်ကာ  အခြားစီးပွားဖြစ် သီးနှံများစိုက်ပျိုးရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်/ဆက်