မိုင်းခတ် ဇန်နဝါရီ ၁၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ဝမ်ပင်းအုပ်စု၊ ဖားဖေ့ကျေးရွာ အရှေ့ဘက် ၃ မိုင်ခန့်အကွာရှိ သီးပွင့်ဆဲဘိန်းခင်း (၇)ဧကအား ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီက မိုင်းခတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီး တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မူးယစ်လှုပ်ရှားတပ်ဖွဲ့၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဟန်အုပ်စု၊ ဝမ်ကောင်းရွာအနီး အမြင့် ၂ ပေခွဲရှိ သီးပွင့်ဆဲ ဘိန်းခင်း (၇)ဧကတို့ကို ဖျက်ဆီးခဲ့သည်။

 

ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရန် စီမံချက်များရေးဆွဲ၍ ဘိန်းစိုက်ပျိုးခြင်းရပ်တန့်ကာ  အခြားစီးပွားဖြစ် သီးနှံများစိုက်ပျိုးရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြန်/ဆက်