ရှမ်းရွာသစ် ၂၂ စက်တင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေးကာလတွင် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထောက်ပံ့ငွေ နှင့်ပစ္စည်းများပေးအပ်ပွဲကို အေးလင်းသာယာတိုက်ပွဲရှောင်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာတွင် ကရင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းထွဠ်က ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မိသားစုများ အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများကို ပေးအပ်ရခြင်းဖြစ်ကြောင်း ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စုပေါင်း (၇၂၄)စုတို့အတွက် တစ်စုလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၈၉၆၀၀၀၀)နှင့် အသုံးအဆောင်ပစ္စည်းများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)
