လှိုင်းဘွဲ  ၃  စက်တင်ဘာ 

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် နေရပ်သို့ ပြန်လည်ရောက်ရှိ လာသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓါတ်ခွဲအတည်ပြုနိုင်ရန်အတွက်  နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာရယူစစ်ဆေးခြင်းကို ယမန်နေ့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ရယူစစ်ဆေးခြင်းကို မြိုင်ကြီးငူအထူးဒေသ ကျန်းမာရေးမှူး ဒေါက်တာသန်းထိုက်အောင်နှင့် ဝန်ထမ်းများက နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွန်ကြားချက်များ လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ သတ်မှတ်သော နေရာတွင် စနစ်တကျနေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာတွင်နေထိုင်ခြင်း၊ လူစုလူဝေးမပြုလုပ်ခြင်းတို့ကို အသိပေး ပြောကြားခဲ့ပြီး နေရပ်ပြန် ပြည်သူ (၁၂) ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဓါတ်ခွဲခန်းသို့ ပေးပို့ကာ နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာ Quarantine Centre တွင် စနစ်တကျထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)