မိုင်းကိုင် ၃ နိုဝင်ဘာ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ ပန်ပွဲ၊ ခိုင်းနဲ့၊ လုံစံ၊ ကုန်းပေါင်း၊ လွိုင်ရွဲကျေးရွာတို့တွင် သောက်သုံးရေရရှိရေး စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ပန်ပွဲကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် အရှည် ၅ မိုင်ရှိသော စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်း ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တစ်ကန်၊ အလျား ၂၅ ပေ၊ အနံ ၃ ပေ၊ အမြင့် ၅ ပေရှိ ရေတားတမံ တစ်ခု တည်ဆောက်ခြင်းလုပ်ငန်း၊ ခိုင်းနဲ့ကျေးရွာတွင် အရှည် ၃ မိုင်ရှိသော စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တစ်ကန်၊ အလျား ၂၅ ပေ၊ အနံ ၃ ပေ၊ အမြင့် ၅ ပေရှိ ရေတားတမံ တစ်ခုတည်ဆောက်ခြင်းလုပ်ငန်း၊ လုံစံကျေးရွာတွင် အရှည် ၂ မိုင်ရှိသော စိမ့်စမ်းရေ ပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တစ်ကန်၊ အလျား ၂၅ ပေ၊ အနံ ၃ ပေ၊ အမြင့် ၅ပေ ရှိ ရေတားတမံတစ်ခုတည်ဆောက်ခြင်းလုပ်ငန်း၊ ကုန်းပေါင်းကျေးရွာတွင်အရှည် ၁ မိုင်ရှိသော စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တစ်ကန်၊ အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ရေစက်ရုံတစ်ခုတည်ဆောက်ခြင်းနှင့် ပန့်တပ်ဆင်ခြင်း၊ လိုင်ရွဲကျေးရွာတွင် အရှည် ၀/၄ မိုင်ရှိသော စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ရေစုကန်တစ်ကန်၊ အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ရေစက်ရုံတစ်ခုတည်ဆောက်ခြင်းနှင့် ပန့်တပ်ဆင်ခြင်း လုပ်ငန်းများကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၄၀ ကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုင်းကိုင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်းက ပြောသည်။

 

အဆိုပါ ကျေးရွာငါးရွာတွင် သောက်သုံးရေရရှိရေး စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက အိမ်ခြေ ၆၀၅ မှ လူဦးရေ ၃၄၆၁ ဦးတို့အတွက် ရာသီမရွေး သောက်သုံးရေ ရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်း က ဆက်လက်ပြောပြသည်။

ငြိမ်းသူ