မြိုင် ၂၂ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် နိုင်ငံတော်မှ တောင်သူများအား ကိုဗစ်ကာလ အထူးချေးငွေအဖြစ် ထုတ်ချေးရာ ရာနှုန်းပြည့် ထုတ်ပေးပြီးစီးသွားပြီဖြစ်ကြောင်း မြန့်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးအေးကိုထံမှ သိရှိရသည်။
အဆိုပါ အထူးချေးငွေကို မြန့်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ယူ၍ မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု(၇၉)အုပ်စုမှ တောင်သူဦးရေ(၈၆၉၁)ဦးအတွက် ငွေကျပ် (၂၉၇၅၂၅၀ဝ၀ဝ) အား ဇွန်လမှ စတင်၍ ထုတ်ချေးခဲ့ရာ စက်တင်ဘာ ၂၁ တွင် ရာနှုန်းပြည့် ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ချေးငွေ (၁၀ဝ)လျှင် တစ်နှစ်အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ၂၀၂၁ စက်တင်ဘာလတွင် နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်