မြိုင်    ဇူလိုင်    ၁၇
    
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့တွင် အိမ်ထောင်စုလူဦးရေးစာရင်းပုံစံ (၆၆/၆) e-IDစနစ Software Program အတွင်းရိုက်ကူးနည်း သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၁၇ ရက် နံနက် ၁၀နာရီအချိန်က မြို့နယ်ထွေ/အုပ်ရုံး အစည်းအဝေးခန်းမတွင်ကျင်းပသည်။
       
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွေးချစ်က အဖွင့်အမှာစကားပြောကြားခဲ့ရာ အိမ်ထောင်လူဦးရေစာရင်းပုံစံ ရေးသွင်းရာတွင် ကန့်သတ်ကာလနှင့် ရေးသွင်းဆောင်ရွက်ရမည် ဖြစ်သည့်အတွက် တက်ရောက်ကြသည့် သင်တန်းသားအနေဖြင့် ပူးပေါင်းဆောင်ရွက်စေ လိုကြောင်းရှင်းလင်းဆွေးနွေးသည်။
    
ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) e-IDစနစ် Software Program အတွင်းရိုက်သွင်းနည်း များကို စာတွေ့ လက်တွေ့နည်းစနစ်များဖြင့် ရှင်းလင်းဆွေးနွေးကြသည်။
      
အဆိုပါ အိမ်ထောင်စုလူဦးရေးစာရင်းပုံစံ (၆၆/၆)e-IDစနစ် ရိုက်သွင်းခြင်းလုပ်ငန်း အတွက် မြိုင်မြို့နယ်အတွင်းရှိ အိမ်ထောင်စု (၅၈၂၉၄)စုတို့အား e-ID စနစ် Software Program အတွင်းရိုက်သွင်းခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁ရက်နေ့ အပြီးရေးသွင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

ခါနု