မိုင်းဖြတ် ၃၀ သြဂုတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် လူကုန်ကူးခံရသည့် အမျိုးသမီးငယ်သုံးဦးအား ၎င်းတို့၏ လူနေမှုဘဝ ပြန်လည်ထူထောင်နိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရန်ပုံငွေမှ ထောက်ပံ့သည့် တစ်ဦးလျှင် ကျပ်ဆယ်သိန်းနှုန်းဖြင့် မြို့နယ်အတွင်းမှ လူကုန်ကူးခံရသည့် အမျိုးသမီးငယ် သုံးဦးအတွက် ကျပ်သိန်းသုံးဆယ်ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါထောက်ပံ့ငွေများကို လူကုန်ကူးခံရသူများ၏ လူနေမှုဘဝမြင့်မားရေးအတွက် ပြန်လည်ထူထောင်ရန် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ၎င်းတို့၏ သဘောထားများအရ နွားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်နိုင်ရန်အတွက် နွားများကို လိုက်လံဝယ်ယူပေးခဲ့ပြီး လိုအပ်ချက်များကို ကျေးရွာများအရောက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)

 

mdn