မိုင်းဖြတ် ၂၆ သြဂုတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများလိုက်နာကြစေရန် သြဂုတ် ၂၅ ရက် နံနက် ၁၀ နာရီက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ ဝေငှပေးခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာမှ ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့များက ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သွားလာနေကြသည့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ် စေရေးအတွက် နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာနိုင်ရေး၊ နှာခေါင်းစည်း (Mask)များ မပါရှိသူများအား အခမဲ့ ဝေငှခြင်း၊ အသိပညာပေးလက်ကမ်းစား စောင်များဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် နည်လမ်းများဖြစ်သည့် တတ်နိုင်သမျှ မိမိအိမ်မှာသာ နေထိုင်ရန်၊ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ(လုံးဝ)မသွားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာနိုင်ရေး စသည့်အချက်များကို Hand Speaker ဖြင့် မိဘပြည်သူများသို့ အသိပေးပန်ကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


