မိုင်းဖြတ် ၃၀ သြဂုတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သြဂုတ် ၃၀ ရက်နေ့ နံနက် ၉ နာရီက မိုင်းဖြတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်​တော်၊ တိုင်းဒေသကြီး လွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလွှတ်​တော်ကိုယ်စားလှယ် အမည်များစာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။

 

ထိုသို့ ထုတ်ပြန်ကြေညာရာတွင် အများပြည်သူများ သိရှိနိုင်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ကြော်ညာသင်ပုန်း၊ မြိုနယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ မြေစိုက်ပြဘုတ်၊ သက်ဆိုင်ရာရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၄)အုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံးများ၌ ထုတ်ပြန်ကြေညာထားပြီ ဖြစ်ကြောင်း မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဦးအောင်မြတ်မိုးထံမှ သိရသည်။

သန်းထွန်း​အေး(ပြန်/ဆက်)