မိုင်းဖြတ် ၂၈ ဇူလိုင်
လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်းကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ဟိုနား(စောမွန်)ရွာနှင့် နားမွန်းကျေးရွာတို့တွင် ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
ထိုသို့ ကောက်ယူရာတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများက ပုံစံ-(က)၊ (က-၁) စသည့် ပုံစံများဖြင့် စနစ်တကျ ကွင်းဆင်းကောက်ယူခဲ့ကြပြီး စာရင်းများ ကောက်ယူဆောင်ရွက်နေမှုများကို မြို့နယ် လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အတွင်းရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်တို့က သွားရောက်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ လူဦးရေစာရင်း ကောက်ယူပြုစုခြင်းသည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများဖြစ်ပြီး စာရင်းကောက်ယူခြင်းကို စီမံချက်ကာလဖြစ်တဲ့ (ဇွန်၊ ဇူလိုင်၊ သြဂုတ်) လများအတွင်း ကောက်ယူသွားမည်ကြောင်း၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက် သုံးရပ်ကွက်နှင့်၊ ကျေးရွာအုပ်စု ၂၁ အုပ်စုရှိရာ စီမံချက်ကာလအတွင်း ရပ်ကွက်နှစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၈ စုတို့တွင် လူဦးရေစာရင်းနှင့် အချက်အလက်များကို ကောက်ယူပြုစုပြီး ဖြစ်ကြောင်း၊ ကောက်ယူရရှိသည့် စာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ စစ်ဆေးပြီး စစ်ဆေးပြီးသည့် စာရင်းမျာကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့လျက်ရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထံမှ သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


