မိုင်းပန် ၄ ဇူလိုင်


မိုင်းပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီက ခရိုင်အဆင့် မိုးစပါး ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာရှိ တောင်သူ ဦးသောင်းကြည်၏ လယ်မြေနှင့် အကျိုးဆောင် တောင်သူ ဦးစိုင်းမြင့်ဦး၏ လယ်မြေသို့ လင်းခေးခရိုင် ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ၊ ခရိုင်ဦးစီးအရာရှိတို့နှင့်အတူ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာ၌ တောင်သူ ဦးသောင်းကြည်၏ မိုးစပါး ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတွင် ခရိုင်အဆင့် မျိုးစပါးမျိုးသန့်လုပ်ငန်း၊ ခေါင်နှံ (၁)ဧကနှင့် ရွှေရင်အေး (CS) ၆ ဧက ပျိုးထောင်ခြင်းနှင့်  အကျိုးဆောင်တောင်သူ ဦးစိုင်းမြင့်ဦး၏ လယ်မြေတွင် မိုးစပါး  တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းလုပ်ငန်းတို့ကို စိုက်ပျိုးရေးဦးစီးဌာန၊ လင်းခေးခရိုင်နှင့် မိုင်းပန်မြို့နယ် ဝန်ထမ်းများမှ တောင်သူများနှင့်အတူ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


ကိုဆန်း (မိုင်းပန်)