မိုင်းပျဉ်း ၁၅  ဩဂုတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံနှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ၂၃၀ ကေဗွီဓာတ်အားခွဲရုံ၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်ပိုင်မျိုးက ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် တာဝန်ရှိသူများသည် ပင်မဓာတ်အားခွဲရုံ ၂၃၀ ကေဗွီနှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

အဆိုပါဓာတ်အားခွဲရုံများမှ မြို့ပေါ်ရပ်ကွက်(၃)ခုနှင့် ကျေးရွာ(၂၂)ရွာကို လျှပ်စစ်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပြီး ယခုအခါ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာ (၅)ရွာ၌ ၂၄နာရီ လျှပ်စစ်မီး ရရှိနေပြီဖြစ်ကာ ကျန်ရှိနေသော ကျေးရွာ (၁၇)ကို ဩဂုတ်လကုန်မှ စတင်၍ လျှပ်စစ်မီးထုတ်လွှတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

 

မေမွန်ထွဋ်(ပြန်/ဆက်)