မိုင်းပျဉ်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဇန်နဝါရီ ၃ရက် နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မိုင်းပျဉ်းမြို့မစျေးတို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် လွတ်လပ်ရေးနေ့နှင့်ပတ်သက်သော ဗဟုသုတများ၊ လွတ်လပ်ရေးနေ့ကဗျာများ၊ လွတ်လပ်ရေးနေ့၏ အမျိုးသားရေးဦးတည်ချက်များ၊ ဆောင်ပုဒ်များ စသည် တို့ပါဝင်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ရုံးအနေဖြင့် နေ့ထူးနေ့မြတ်များတွင် ထုတ်ဝေလျက်ရှိသော လက်ကမ်းစာစောင်များကို မိဘပြည်သူများဗဟုသုတရရှိစေရန် အလို့ငှာ ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)