မိုင်းရှူး ဇူလိုင်   ၂၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပန်းခင်းစီမံချက်(၂)ဖြင့် အသက်(၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစစ်ဆေးရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အခြေခံ ပညာအထက်တန်းကျောင်း ခရေဆောင်ခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဦး ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့် ဝန်ထမ်းများက အသက်(၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ဆေးရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)