မိုင်းရှူး ၁၈ ဩဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသည့် ဒုတိယအကြိမ် ထောက်ပံ့ငွေများကို သြဂုတ် ၁၄ ရက်မှ စ၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ က ရပ်ကွက်/ကျေးရွာအရောက် ထောက်ပံ့ငွေများ လိုက်လံပေးအပ်ခဲ့သည်။
မိုင်းရှူးမြို့နယ်အတွင်းရှိ မိုင်းစံမြို့အပါအဝင် မြို့ပေါ် ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၁၇)စုမှ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများ၊ လက်လုပ်လက်စားများ၊ မသန်စွမ်းသူများနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရာများမှ အိမ်ထောင်စု (၄၇၆၈)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် စုစုပေါင်းငွေ ကျပ် ၉၅၃၆၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)