မိုင်းရှူး         စက်တင်ဘာ         ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာ ပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းကို စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက  မြို့လယ်တံတားထိပ်၌  ပြုလုပ်ခဲ့သည်။

အဆိုပါဆောင်ရွက်ရာသို့  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်နှင့် ဝန်ထမ်းများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မိုင်းရှူးမြို့ မြို့လယ်တံတားထိပ်၌ ယာဉ်နှင့် ဆိုင်ကယ်များအား သတ်မှတ် စည်းကမ်းများနှင့်အညီ မောင်းနှင်ရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask အခု ၅၀၀ အား ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)