မိုင်းရယ်  ၁၂   သြဂုတ်

 

လားရှိုးခရိုင် မိုင်းရယ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၆)လမှ (၉)နှစ်ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေး ခြင်းကို  ဩဂုတ် ၁၁ ရက် နံနက် ၉ နာရီက မိုင်းရယ်မြို့  ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါ အသက်(၆)လမှ (၉)နှစ်ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းဆိုင်ဟိန်းနှင့် တာဝန်ရှိသူများက နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ တိုက်ကျွေးသည်။

 

 မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ  အသက်(၆)လမှ (၉)နှစ်ထိ ကလေးငယ်များအား ဗီတာမင် အေနှင့် သံချဆေးများ တိုက်ကျွေးလျက်ရှိကြောင်းနှင့် ယင်းဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို တစ်နှစ် နှစ်ကြိမ် တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ် ပြန်/ဆက်