မိုင်းတုံ ၂၇ ဩဂုတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့မဈေး ၊ပန်းခြံလမ်းဆုံနှင့် နောင်ပါရင်ရပ်ကွက်တို့၌ ယနေ့ နံနက်(၇) နာရီက အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးရာတွင် ဈေးရောင်း၊ စျေးဝယ်လာသူများနှင့် မြို့တွင်း သွားလာလျက်ရှိသော ဒေသခံ ပြည်သူများအား ယခုကာလသည် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးကာလဖြစ်သည့် အပြင် ဆုံဆို့နာရောဂါပါ ကပ်ရောဂါအသွင်ဖြစ်ပွားနေသည့်အတွက် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင် ရေး ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရပါက Mask တပ်ဆင်သွား လာရန် အသိပညာပေးပြီး Mask ခုရေ (၁၅၀)ကို အခမဲ့ဖြန် ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးခြင်းနှင့် MASK များ အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်/ဆက်၊ မီးသတ်တပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ကြောင်းသိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ)


