မိုင်းတုံ ၁၈ ဩဂုတ်
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်လွဲ ၂ နာရီမှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူလား၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေအောင်နှင့် ဌာနဆိုင်ရများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အိမ်တိုင်ရာရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၂၀)မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၆၁)စုရှိပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၇၂၂၀၀၀၀)တိတိကို ပြည်သူများထံ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)