မိုင်းတုံ ၆ ဇူလိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် ၉ နာရီက ကလေးများ ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲဆောင်ရွက်ပြီး ကလေးစာဖတ်ခန်းတွင် ကလေးများနှင့်အတူ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းခိုင်က သစ်ကောက်ပင်နှင့် သစ်ဖြောင့်ပင်ပုံပြင်ကို ပြောပြရာ မိုင်းတုံမြို့ပေါ်ရှိ ရပ်ကွက်(၄)ရပ်ကွက်မှ ကလေးစုစုပေါင်း(၃၇) ယောက်လာရောက် ယှဉ်ပြိုင်နားထောင်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲတွင် ဆုရရှိသောကလေးများအား ဆုချီမြှင့်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

 MDN