နေပြည်တော် ၂ ဇူလိုင်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် Analogue စနစ်မှ Digital စနစ်သို့ အသွင်ကူးပြောင်း ထုတ်လွှင့်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်း ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတွင် DVB-T2 လွှင့်စက်နှင့် Antenna တပ်ဆင်ခြင်း လုပ်ငန်းများအား ဇွန် ၂၂ ရက်မှ ၂၇ ရက်အထိ ဆောင်ရွက်ခဲ့ပြီး ဇွန် ၂၈ ရက်မှစတင်၍ လွှင့်အား 50 W ၊ လှိုင်းနှုန်းချယ်နယ် (E-27) ဖြင့် ဒီဂျစ်တယ်ရုပ်သံလိုင်းများ စမ်းသပ်ထုတ်လွှင့်လျက်ရှိရာ မိုင်းယောင်းမြို့ပေါ် ရပ်ကွက် (၉) ရပ်ကွက်နှင့် နီးစပ်ရာကျေးရွာများဖြစ်သည့် ဝမ်ယမ်းမ၊ ဝမ်ပုံ၊ ဝမ်ယမ်းလဲ၊ ဟိုယမ်၊ ဝမ်အဲ၊ ဝမ်ဘမ်း၊ ဝမ်ဒေ၊ ဝမ်ကျူး၊ ဝမ်မိုင်၊ ဝမ်တပ်နှင့် ဟွမ်ဖုန်း စသည့် ကျေးရွာများမှ ကောင်းမွန်စွာ ဖမ်းယူရရှိပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


