မိုင်းယောင်းမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

 

မိုင်းယောင်းဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။

 

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က ၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့်အမျိုးသားရေး စိတ်ဓာတ်အမွေကို ဆက်လက်ခံယူအကြောင်းကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်- ဒေါ်နန်းစီဖေါင်းက အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၏ အမည်များကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက် () ဒေါ်ဝေဝေခိုင်က ကဗျာဆရာ ဘိုမျိုး (ရွှေဘို) အမျိုးသားနေ့ မမေ့အပ်ရာကဗျာကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။

 

ထို့နောက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ခင်းကျင်းပြသခဲ့ပြီး (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထွန်းမြင့်လှိုင်(ပြန်/ဆက်)