မိုင်းယောင်း သြဂုတ်  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ စက်သုံးဆီ ပြတ်လပ်မှု၊ အကန့်အသတ်ဖြင့် ရောင်းချမှုများ ရှိ/မရှိကို တာဝန်ရှိသူများက ဩဂုတ် ၁၆ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ အဖွဲ့ဝင် ဦးစိုင်းဘွန်းစီ၊ မြို့မစခန်းမှူး၊ စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်မိုး၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းနေလှိုင်၊ စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးနှင့် တာဝန်ရှိသူများက ဟောင်ကြန့်ကျေးရွာရှိ ယမ်းခမ်းစက်သုံးဆီဆိုင်၊ အမှတ်(၈)ရပ်ကွက်ရှိ ရတနာစက်သုံးဆီဆိုင်၊ ဟွေထမ်ကျေးရွာရှိ ဝမ်းဒီးဂရုပ်စက်သုံးဆီဆိုင်နှင့် မိုင်းယုမြို့ရှိ သစ်လွင်မိုး(၂) စက်သုံးဆီဆိုင်များအား စက်သုံးဆီ ပြတ်လပ်မှု၊ အကန့်အသတ်ဖြင့် ရောင်းချမှု ရှိ/မရှိ၊ ချိန်တွယ်မှန်ကန်မှု ရှိ/မရှိနှင့် မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေးခဲ့ပြီး ဆီပြတ်လပ်မှု၊ အကန့်အသတ်ဖြင့် ရောင်းချမှုများ မရှိဘဲ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း