မိုင်းယု ဇူလိုင် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေသခံပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ဒေသဝက်များ ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တာကြန့်ကျေးရွာအုပ်စုရှိ ဝမ်မိုင်မိုင်းလုံးကျေးရွာမှ အိမ်ထောင်စု ၁၀ စုအတွက် သုံးလသားခန့်ရှိ ဒေသဝက်သားပေါက် ၁၀ ကောင်အား ဖြန့်ဖြူးပေးအပ်ခဲ့သည်။
အားချာ