မိုင်းယောင်း   ၁၈    မေ 

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် မေ ၁၈ ရက် ကဆုန်လပြည့်(ဗုဒ္ဓ)နေ့က ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်ကြူးကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဗောဓိရွှေညောင်ပင်(ဝမ်မိုင်ဆီလီမွန်း)၌ ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ကုသိုလ်ပြုသူများဖြင့် များပြားကြောင်း သိရသည်။

 

ရှေးဟောင်းသမိုင်းဝင် ဗောဓိရွှေညောင်ပင်တွင် တိုင်းရင်းသားဘုရားဖူးပြည်သူများသည် မိမိတို့၏လိုရာဆုများကိုတောင်းပြီး ညောင်ကိုင်းများထောက်ခြင်း၊ သဲပုံစေတီဖြင့် ကုသိုလ်ပြုခြင်းနှင့် ကဆုန်ညောင်ရေသွန်းသူများဖြင့် အထူးစည်ကားလျက်ရှိသည့်အပြင် အလှူပြုသူများဖြင့် များပြားခဲ့သည်။

 

ဗောဓိရွှေညောင်ပင်ကို မြန်မာသက္ကရာဇ် ၇၆၅ ခုနှစ်၊ ခရစ်နှစ် ၁၄၀၃ ခုနှစ်တွင် ရှင်အာနန်တရာနို၊ ရှင်ဥပန်နိုတ၊ ရှင်ဆောက်ဘီတနှင့် ရှင်ဆုဘဏ္ဍမည်သော ရဟန္တာ လေးပါးသည် ခရမ်းကျောက်ရောင်ရှိသည့် မင်္ဂလာမြေများနှင့်အတူ အိန္ဒိယအရှေ့ဘက်ပိုင်းရှိ ဂေါတမဗုဒ္ဓမြတ်စွာဘုရား၏ ဘုရားရှင်အဖြစ်ကို ရရှိတော်မူစေသော မဟာဗောဓိရွှေညောင်ပင်၏ အကိုင်းကို ပင့်ဆောင်လာပြီး ထပ်လုံစေတီတော်မြတ်၏ အရှေ့မြောက်ဘက်အရပ်တွင် စိုက်ပျိုးပေးခဲ့ကြောင်း သမိုင်းအထောက်အထားများအရ သိရသည်။

 

မိုင်းယောင်းမြို့နယ်တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)က ရှေးဟောင်းသမိုင်းဝင် ဗောဓိရွှေညောင်ပင်တွင် ဒေသခံတိုင်းရင်းသားဘုရားဖူးပြည်သူများအပြင်၊ တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းယုနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် လာရောက်ဘုရားဖူးသူများပြားခဲ့ကြောင်း သိရသည်။

 

အားချာ(ပြန်/ဆက်)

 

1.jp