မိုင်းယောင်း ၁၃ ဩဂုတ် 

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ လေ့လာဖတ်ရှုနိုင်ရန် ဩဂုတ် ၁၃ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

 

မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်းများဆိုင်ရာ မေးခွန်းနှင့် အဖြေများ အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များ၊ မဲဆန္ဒရှင်စာရင်းများ သက်ဆိုင်ရာနယ်မြေအလိုက် သွားရောက်ကြည့်ရှုနိုင်ရေး အသိပေးနှိုးဆော်ချက် နှင့် မဲဆန္ဒရှင်စာရင်းအား လာရောက်ကြည့်ရှုရန် ထုတ်ပြန်ချက်များ စသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဖေ့ဘုတ်လင့်နှင့် ဝဘ်ဆိုက်လင့်ကို ပြည်သူအများ လေ့လာဖတ်ရှုနိုင်ရန် ခင်းကင်းပြသထားကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း