မိုင်းယောင်း ဩဂုတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါး စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါး မျိုးသန့်ပွား စံပြကွက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဝမ်ဘိုးကျေးရွာအုပ်စု၊ နားဖန်းကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတွင် တောင်သူ ဦးစိုင်းသီဟ စိုက်ပျိုးထားသော ဆင်းဧကရီ-၃ နှစ်ဧက စိုက်ခင်းနှင့် တောင်သူ ဦးအိုက်အောင် စိုက်ပျိုးထားသော မှော်ဘီကောက်ညင်းမွှေး နှစ်ဧက စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို ဩဂုတ် ၈ ရက်က တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း