မိုင်းယောင်း ၆ ဇူလိုင်
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းများအတွက် အသင်းအချင်းချင်း ပံ့ပိုးချေးငွေများအား တတိယအကြိမ် ထုတ်ချေးပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမီတက်မှ မြို့နယ်အတွင်း သမဝါယမ လုပ်ငန်းများ လုပ်ကိုင်နေကြသည့် စံပြမိသားစု ငွေစုငွေချေးသမဝါယမအသင်းအား ပံ့ပိုးချေးငွေကျပ်သိန်း ၅၀ ကို လည်းကောင်း၊ အမှတ်(၇)ရပ်ကွက် မွေးမြူရေးနှင့် အထွေထွေသမဝါယမအသင်းအား ပံ့ပိုးချေးငွေကျပ် ၉၅ သိန်းကို လည်းကောင်း၊ အမှတ်(၉)ရပ်ကွက် မွေးမြူရေးနှင့် အထွေထွေသမဝါယမအသင်းအား ပံ့ပိုးချေးငွေ ကျပ်သိန်း ၁၀၀ ကို လည်းကောင်း စုစုပေါင်း ပံ့ပိုးချေးငွေကျပ် ၂၄၅ သိန်းကို အသီးသီးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)


