မိုင်းယန်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာသီးနှံ ဝတ်မှုံကူးပွဲတော် ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၁၃ ရက်က ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် နေကြာသီးနှံ စံပြစိုက်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေကြာသီးနှံစိုက်ပျိုးရာတွင် မိုးဦးကာလတွင် မေလ၊ ဇွန်လတို့တွင်လည်းကောင်း၊ မိုးနှောင်းကာလတွင် ဇူလိုင်လ၊ ဩဂုတ်လတို့တွင် လည်းကောင်း စိုက်ပျိုးနိုင်ပြီး သုံးလခန့်အကြာတွင် စတင်ရိတ်သိမ်းနိုင်ကာ မိုင်းယန်းမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် နေကြာသီးနှံ စိုက်ပျိုးဧက ၂၀၀ ကျော်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)