မိုင်းယန်း မတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက စာစစ်ဌာနအသီးသီး၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့ခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း) စာစစ်ဌာန၌ ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ အတွင်းဖြေ ကျောင်းသား ကျောင်းသူ (၁၁)ဦးနှင့် အပြင်ဖြေ ကျောင်းသူ(၁)ဦး စုစုပေါင်း(၁၂)ဦး လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာမေးပွဲဖြေဆိုအောင်မြင်နိုင်ရေးအတွက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းထူး