မိုင်းယန်း          မတ်     ၁၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက် နာရီက စာစစ်ဌာနအသီးသီး၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

မိုင်းယန်းမြို့ခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း) စာစစ်ဌာန၌ ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ အတွင်းဖြေ ကျောင်းသား ကျောင်းသူ (၁၁)ဦးနှင့် အပြင်ဖြေ ကျောင်းသူ()ဦး စုစုပေါင်း(၁၂)ဦး  လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာမေးပွဲဖြေဆိုအောင်မြင်နိုင်ရေးအတွက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းထူး