မူဆယ် ဇန်နဝါရီ ၁၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅ မိုင်) ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများကို “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ  ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးလျက်ရှိသော ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လက်ဝယ်ရရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးမှူး ဦးရဲရင့်ထွန်းနှင့်အဖွဲ့ ဝန်ထမ်းများက ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် မိုင်းယု (၁၀၅ မိုင်) ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                                                                         

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အိမ်ထောင်စုလူဦးရေစာရင်း (မရှိ) သေးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ် (မရှိ)သေးသူများကို လုပ်ငန်းစဉ်(၄)မျိုးဖြင့် အသက် (၁၀)နှစ်ပြည့်မှစ၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးရရှိရေးအတွက် ပြုလုပ်ပေးလျက်ရှိရာ  အသက်(၁၀)နှစ်ပြည့် (နိုင် ၃/က မှ နိုင်/၆က) (၁၃)ဦး၊ ဆောင်ရွက်ရန်မလိုတော့သော သေဆုံးစာရင်း (၃၉)ဦး၊ ပြောင်းရွှေ့သွားသူ (၁၀)ဦး၊ ခရီးလွန် (၁၃)ဦးနှင့် ရဟန်း/သီလရှင် (၁)ဦး စုစုပေါင်း (၆၃)ဦးကို စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းမှ နိုင်ငံသားလာရောက်လျှောက်ထားသည့် ပြည်သူ (၇၀)ကျော်ကို ပန်းခင်းစီမံချက်လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

ချယ်ရီမြေ(မူဆယ်)