မိုင်းယု  ၂၆ မေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုက်နယ်ဆရာဝန် ဒေါက်တာ အောင်အောင်ဝင်းထွဋ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ကျေးလက်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း လုပ်ငန်းများကို မေ ၂၄ ရက် နံနက်ပိုင်းက မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်ပေါက်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာတွင် အထွေထွေရောဂါ ဝေဒနာခံစားနေသူများအား စမ်းသပ်ကုသပေးခြင်း၊ ကိုယ်ဝန်ဆောင်များအား ဓါတ်မှန်ရိုက်ပေးခြင်းနှင့် လိုအပ်သော ဆေးဝါးများအား အခမဲ့ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာအသိပညာများ ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

 

951

 

ယခုလို မိုင်းယုမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ဝေးလံသည့် ကျေးရွာများသို့ သွားရောက်ကာ ကျေးလက် သံဃာတော်များ၊ သက်ကြီးဘိုးဘွား၊ ကလေးလူကြီးမကျန် အခမဲ့ဆေးဝါး ကုသပေးခြင်း၊ ကိုယ်ဝန်ဆောင်များကိုလည်း ဓါတ်မှန်ရိုက်ပေးခြင်း၊ ကျန်းမာရေး အသိပညာများ ဖြန့်ဝေပေးခြင်းတို့ကြောင့် ကျေးလက်နေပြည်သူတို့အတွက် ခရီးသွားလာမှု သက်သာခြင်း၊ ဆေးဖိုးကုန်ကျစရိတ် သက်သာ၍ မိုင်းယုမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း အဆိုပါ ကျေးလက်နေပြည်သူတစ်ဦးက ပြောသည်။

ကိုကိုနိုင်(ပြန်/ဆက်)