မိုင်းယု ၂၇ ဩဂုတ်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် မိုင်းယုမြို့ပေါ်နှင့် ကျေးရွာများ ပြည်သူများဖြတ်သန်းသွားလာနိုင်သည့် လမ်းမများတွင် ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်နှင့် ထိန်းချုပ်ရေးအတွက် အထူးကြပ်မတ်စောင့်ကြည့်စစ်ဆေး ပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကာကွယ်ရေးလုပ်ငန်းများကို မိုင်းယုမြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များက ပြည်သူများ သွားလာနိုင်သည့် မြို့ဝင်မြို့ထွက် လမ်းများနှင့် ရပ်ကွက်/ကျေးများရှိ အဝင်အထွက် လမ်းမများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း(Mask)များ တပ်ဆင်၍ ဈေးရောင်း/ ဈေးဝယ်များနိုင်ရေး၊ အရေးကြီးကိစ္စမှလွဲ၍ အပြင်ထွက်ခြင်းများ လျှော့ချရန်၊ အကယ်၍ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်းများ တပ်၍ သွားလာကြရန် အသိပညာပေးခြင်း၊ COVID-19 ကူးစက်မှု ကာကွယ်၊ ထိန်းချုပ်ရေးမှုဆိုင်ရာ သတင်းအချက်အလက်များ၊ ဆောင်ရန်ရှောင်ရန်များနှင့် သိသင့် သိထိုက်ရမည်အခြေအနေတို့ကို အထူးကြပ်မတ်စောင့်ကြည့်စစ်ဆေး အသိပညာပေးမှုများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)


